(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ကြို့ပင်ကောက် မေ ၅

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မီးသတ်တပ်ဖွဲ့မှ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့ နံနက် (၆) နာရီက ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီး ဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖများအား နံနက်စာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)