နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ ရနံ့သိုက်၏   “သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

နမ့်ခမ်း မေ  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များက ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ရနံ့သိုက် ရေးသားထုတ်ဝေသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးသည် ဒေသခံပြည်သူများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာအုပ်စာပေ ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွည်၍ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကိုဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲများ လစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမိုင်းညီမောင်ဘဦးက စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ စာဖတ်ဝိုင်းတွင် ဆွေးနွေးမည့် စာအုပ်ပါအကြောင်းအရာများတစ်ချို့အား ရှင်းလင်းပြောကြား ပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူအသင်းဝင်များနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရေးဆရာ ရနံ့သိုက် ရေးသား ထုတ်ဝေသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ” စာအုပ်ပါ  “သင့်ဘဝက သင့်အလုပ်ပါ၊ ကိုယ့်ဘဝကိုယ့်အချိန်၊ ကျရှုံးခြင်းမှအောင်မြင်ခြင်းသို့”  စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို  တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)