လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centreတွင် လူငယ်ရေးရာ စာပေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

လားရှိုး မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လားရှိုးမြို့နယ် စာရေးဆရာအသင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ စာပေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန Community Centre တွင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က “လူငယ်နှင့် စည်းကမ်း” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ လားရှိုးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးညွန့်ဝေ (ကောင်းညွန့်ဝေ-ရေစကြို) က “စာဖတ်သူနှင့်စာဖတ်ခြင်းနည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး