ဟိုပုံးမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်

ဟိုပုံး မေ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းပျဉ်းကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာ၌ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မိုင်းပျဉ်းကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာတွင် ဧပြီလ(၂၆)ရက်နေ့တွင် မိုင်းသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသောနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးခဲ့သောနေအိမ်(၄၃)လုံး တို့ကို အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာ စုစု‌ပေါင်းတန်ဖိုး (၄၀၈၂၆၀၀/-)ကျပ်တိတိအား ပေးအပ်ရာ မိုင်းပျဉ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)