ပြင်ဦးလွင် မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရေးရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ကြသည်။
ရှေးဉီးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ ဉက္ကဋ္ဌမှ အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်စီမံကိန်းဉီးစီးမှူးမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် စီမံကိန်း လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် နှစ်စဉ် စီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ရာ သက်ဆိုင်ရာဌာနများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)