ပြင်စလူမြို့၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြင်စလူ   မေ  

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် Youth Club အဖွဲ့ဝင်များဖြင့် ချစ်နိုင် (စိတ်ပညာ)ရေးသားထားသော လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁နာရီအချိန်ခန့်က ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centreခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန် က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး စာအုပ်ပါခေါင်းစဉ်အချို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မောင်သော်ထက်ဦး (Youth Club) အဖွဲ့ဝင်က ချစ်နိုင်(စိတ်ပညာ) ရေးသား ထားသော လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်ထဲမှ ပညာမြင့်အောင် မြှင့်ကြပါဦးစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့ဝင် မောင်ထက်ဝေယံက သင်ကြားခြင်း အတတ် ပညာ ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို အနာဂါတ်ကိုပိုင်စိုးသော လူငယ်အညွန့်အဖူးလေးများအတွက် စိတ်နေ စိတ်ထား၊ ကိုယ်ကျင့်တရားနှင့် မေတ္တာတရားများ ထွန်းကားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့ (Youth Club) အဖွဲ့ဝင်(၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့ပြန်/ဆက်)