ကလိန်အောင် မေ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပဲတိုင်ထောင်စိုက်ခင်းများကို စိုက်ပျိုးကြရာ ယခုအခါ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ကိုကျော်စိုးအောင်ထံမှ သိရသည်။
"ပဲတိုင်ထောင်များကို နှစ်ရက်လျှင်တစ်ခါ တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီ ခူးဆွတ်ရောင်းချရပါတယ်၊ တစ်နေ့လျှင် ငွေကျပ် ၁၀၀၀၀ ကျော်ရရှိကာ တစ်လလျှင် ငွေကျပ် ၁၅၀၀၀၀ ကျော် ရရှိရောင်းချသည့်အပြင် စိုက်ပျိုးပြီးရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရပြီး မိသားစုများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိပါတယ်" ဟု ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ဦးကျော်စိုးအောင်က ပြောသည်။
အဆိုပါ ပဲတိုင်ထောင် စိုက်ခင်းများကို နိုဝင်ဘာလမှ စတင်ကာ စိုက်ပျိုးရောင်းချခဲ့ပြီး အတောင့် ၁ဝ တောင့်စည်း တစ်စည်းကို ငွေကျပ် ၂ဝဝ ရောင်းချရကာ (၁၀၀)စည်းတစ်စည်းကို ၁၈၀၀ ကျပ် ရောင်းချရပြီး အခြားသီးနှံများလည်း စိုက်ပျိုးရာ ငရုတ်၊ ချဉ်ပေါင်း၊ ခရမ်းသီးများပါ စိုက်ပျိုးထားကြသည်။ ကလိန်အောင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပဲတိုင်ထောင်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပင်များ စိုက်ပျိုးကြပြီး အချို့က မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အချို့ကစီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း ဒေသခံပဲတိုင်ထောင်စိုက်ပျိုး ရောင်းချသူများက ပြောသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)