(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ကော့သောင်း မေ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ကုတင်(၁၀၀)ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကိုခရိုင်မီးသတ်ဦးစီးအမှူး ဦးအောင်ငြိမ်းဦးနှင့် တာဝန်ရှိ သူများက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၆)ဦး စုစုပေါင်းအင်အား (၁၈) ဦးတို့၏ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည်ရှုအားပေးပြီး သွေးလှူဒါန်းသူများအား ကြက်ဥနှင့် ခွန်အားပြည့်အစားအစာများ၊ ဆေးဝါးများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)