ဂွ မေ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက်၁၀နာရီခွဲအချိန်က အဆိုပါ ဦးစီး ဌာန၏ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုး ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များက၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကျေးရွာ ရွေးချယ်မည့် ဦးစားပေးကျေးရွာ(၂၁)ရွာအနက် (၁၅)ရွာ အား အကြံပြု ရွေးချယ်ပေးခဲ့ကြ ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်