(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဓနုဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေး ဆောင်ရွက်

ဓနုဖြူ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနောင်နောင်နှင့် သန့်ရှင်းရေး အဖွဲ့ဖြစ်သော သန္ဓေ/အရန်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ တံမြက်စည်းလှဲခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)