နေပြည်တော် မေ ၃
လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန် ထက်မြက်လာစေရန်၊ ဗလငါးတန်ပြည့်စုံရေးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲကို ယနေ့နံနက်(၉) နာရီက ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာ အုန်းတောဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့က လူငယ်များအတွက် အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများမှ တက်ရောက်သင်ကြား နေကြသည့် လူငယ်မောင်မယ်များက မြန်မာ့သိုင်းနှင့် အေရိုးဗစ် အားကစားနည်များဖြင့် အားကစား သရုပ်ပြသခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲသို့ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်နှင့်တာဝန်ရှိသူများ ၊ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်အောင်ဖြိုးနှင့်တာဝန်ရှိသူများ၊ နွေရာသီအခြေခံ အားကစားသင်တန်းများမှ တက်ရောက်သင်ကြားနေကြသည့် လူငယ်မောင်မယ် စုစုပေါင်း (၁၄၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်