ထီးချိုင့်မြို့နယ်တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ထီးချိုင့် မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မီးသတ်သတ်ဖွဲ့မှ ၂၀၂၂ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၃) ရပ်ကွက် ရွှေစည်းခုံဘုန်းတော်ကြီးကျောင်း တွင် စုပေါင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် အမှတ်(၃)ရပ်ကွက်ရှိ ရွှေစည်းခုံဘုန်းတော်ကြီးကျောင်းတွင် ဘုရားပရဝုဏ် အတွင်းအပြင် မြက်များရှင်းလင်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီများအား ရေသပ္ပာယ်ခြင်းတို့ကို ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)