ကျောက်ကြီး မေ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းအရ လူထုပျိုးပင်များကို ယာယီပျိုးဥယျာဉ်တွင် (ပျိုးပင် ပေါင်း ၂၅၀၀၀ ) ပျိုးထောင်းထားရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကိုသိရှိစေရန်နှင့် သစ်တောထိန်းသိမ်းရေး တွင် ပူးပေါင်းပါ၀င်လာစေရန် ယာယီပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသည့် ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ မန်ဂျန်ရှားပင်၊ ယမနေ့ပင်၊ ယူဂလစ်ပင်၊ ကုလားကုက္ကိုလ်ပင်၊ စိန်ပန်းကြီးပင်များနှင့် အခြားပျိုးပင်များလည် ပျိုးထောင်ထားရှိပြီး လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့နှင့် ချိတ်ဆက်ပူးပေါင်းကာ လမ်းဘေးအရိပ်ရ အပင်များစိုက်ပျိုးပေးခြင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ထင်းအသုံးပြုများပြားသဖြင့် ကျေးရွာထင်းလိုအပ်ချက်အရ ကျေးရွာတစ်ရွာ နှစ်ဧက စိုက်ပျိုးနိုင်ရန် ပျိုးပင်များပျိုးထောင်ထားရှိ ပေးထားပြီး၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ပြုလုပ် ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် လိုအပ်သည့် ဒေသခံပြည်သူများအတွက် သစ်တောဦးစီးဌာန မြို့နယ်ယာယီပျိုးဥယျာဉ်၌ အရိပ်ရပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်