ရပ်စောက်မြို့နယ်၌ မူလတန်းကြိုကျောင်း စတင်ဖွင့်လှစ်

ရပ်စောက် မေ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဈေးတန်းရပ်ကွက်အတွင်းရှိ ရပ်စောက်မူလတန်းကြိုကျောင်းကို ယမန်နေ့နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  လူမှုဝန်ထမ်းဦးစီးဌာန၊    ရပ်စောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန  လက်အောက်ရှိ  ရပ်စောက်မူလတန်းကြိုကျောင်းတွင် မူကြိုကလေးငယ်  (၇၀)ဦး လာရောက်အပ်နှံထားပြီး အဆိုပါကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးစိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် ကစားခြင်းဖြင့်သင်ကြားနည်း၊ တေးဂီတဖြင့် သင်ကြားနည်း၊ အခြေခံပန်းချီဖြင့်သင်ကြားနည်း၊ လက်မှုပညာသင်ကြားနည်း အစရှိသည့် သင်ကြားနည်းများဖြင့် ဆရာ/ဆရာများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရပ်စောက်မူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ကြွယ်သိန်း ထံမှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)