စဉ့်ကူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

စဉ့်ကူး  မေ ၃

မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့သို့ ရောက်ရှိလာသော နေရပ်စွန့်ခွာပြည်သူများအား စဉ့်ကူးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သီရိရတနာခန်းမ၊ မိုးကုတ်ဝိပဿနာရိပ်သာနှင့် မြစေတီဓမ္မာရုံတို့တွင် ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္က ဒေါက်တာ သိန်းထွန်းဆောင်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်၊ စဉ့်ကူး မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္က ဦးထွန်းဗိုလ်နှင့် တပ်ဖွဲ့မှူး ဦးသူရကျော်တို့က စဉ်ကူးမြို့ သို့ရောက်ရှိ လာသော နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၄၈)စုအတွက်  တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း Hygiene Parcel (၁၁)မျိုးပါ တစ်ဖာ၊ Dignity Kit (၁၁)မျိုးပါ တစ်အိတ်၊ စောင် (၁)ထည်၊ တီရှပ် ကျားဝတ်(၁)ထည်၊ တီရှပ် မဝတ် (၁)ထည်၊ လက်သန့်ဆေးရည် (၁)ဘူး၊ Mask (၁)ဘူး၊ ခြင်ထောင်(၁)လုံးစီအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)