မလှိုင်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မလှိုင် မေ ၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ၊ စူဠဘွဲ့နှင်းသဘင် ကျင်းပ နိုင်ရေး မြို့နယ်သံဃနာယကအဖွဲ့နှင့် သာသနာရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥက္ကံသက သာရဏိယ ဩဝါဒကထာ မိန့်ကြားတော်မူသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စာအောင်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ် ဆက်ကပ်လှူဒါန်းနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၁ ခုနှစ်၊ စာအောင် သံဃာတော်များအတွက် ဂုဏ်ပြုစူဠဘွဲ့နှင်းသဘင်ကို ယခင်နှစ်ကထက် ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် မလှိုင်ဇာတိဖွား ဓမ္မစရိယစာမေးပွဲအောင် သံဃာတော်များအား ထည့်သွင်း၍ ဂုဏ်ပြုပူဇော်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာအောင်စူဠဘွဲ့ နှင်းသဘင်အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းထိုက်က ယခင်နှစ် ရငွေ/သုံးငွေစာရင်းများကို ရှင်းလင်းတင်ပြလျှောက်ထားခဲ့သည်။ ယင်း နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖ များ၊ အလှူရှင်များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အကြံပြုဆွေးနွေးခဲ့ကြပြီး မြို့နယ် သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်မှ နိဂမ္မဩဝါဒ ချီးမြှင့်၍ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)