မြင်းခြံ မေ ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြင်းခြံမြို့ပေါ်ရပ်ကွက်များနှင့် စက်မှုဇုံဘက်တွင် သစ်ပင်များ ပြိုလဲခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် မေလ ၂ ရက်နေ့ ည ၈ နာရီ အချိန်ခန့်၌ မိုးသက်လေပြင်းများ ကျရောက်သည့်အတွက် သစ်ပင်ကြီးများပြိုလဲခြင်းကြောင့် မေလ ၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှ စတင်ကာ မြင်းခြံခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်၍ အဖွဲ့ (၃) ဖွဲ့ဖြင့် လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ အဖွဲ့(၁) ဖွဲ့ စုစုပေါင်း အဖွဲ့ (၄) ဖွဲ့ဖြင့် ပြိုလဲ ကျသော သစ်ပင်များကို ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် လူနေအိမ်များ အနည်းပျက်စီးခြင်း၊ အုတ်တံတိုင်းများ ပြိုလဲခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက် ပျက်စီးမှု မရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)