ရှမ်းရွာသစ် မေ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ မိသားစုများ၊ အပေါင်းအဖော်သူငယ်ချင်းများနှင့် စုပေါင်းလာရောက်ပြီး အပန်းဖြေရေကစားသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရသည်။
ပရေကြေတိုရေတံခွန်သည် ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စု၊ ပရေကြေထကျေးရွာကျေးရွာတွင် တည်ရှိပြီး ရှမ်းရွာသစ်မြို့မှ (၃)မိုင်ခန့်ကွာဝေးသော ကျောက်ထပ်(၈)ဆင့်ရှိ တောင်ကုန်း၊ တောင် တန်းများကြားမှ အေးမြကြည်လင်နေသာ ရေများဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ရေတံခွန် တစ်ခု လည်းဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ ထင်ရှားသည့်ရေတံခွန်တစ်ခုလည်းဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် အဖွဲ့လိုက် နေ့စဉ်လာရောက် အပန်းဖြေရေ ကစားကြကြောင်း၊ ရေတံခွန်တစ်လျှောက် ရေကူးကြသူများ၊ အရိပ်ရသစ်ပင်အောက်များ၌ အပန်းဖြေ အနားယူကြသူများ၊ ဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိပြီး ဒေသထွက်ရာ သီစာဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဒေသနေပြည်သူများအနေဖြင့် အပိုဝင်ငွေရရှိကြ ကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပရေကြေတိုရေတံခွန်သို့ လာရောက်အပန်းဖြေရေကစားသူများ အေးချမ်းပျော်ရွှင်အနားယူအပန်း ဖြေစေရန်နှင့် ရေတံခွန်သန့်ရှင်းသာယာလှပစေရန်အတွက် တာဝန်ရှိသူများတို့က ရာသီစာဟင်းသီး ဟင်းရွက်များ ရောင်းချနေကြသော ဈေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် ခရီးသွား ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ ရေကစားကြရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ဇင်လေး(ပြန်/ဆက်)