(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လပွတ္တာ မေ

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့်  ‌လပွတ္တာခရိုင် မီးသတ် တပ်ဖွဲ့ဝင်များမှ  မြသန်းတန်ဘုရားဝန်း၌ ယနေ့  နံနက်(၇)နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့် ဦးဆောင်၍ အင်အား (၅၀)ဦးတို့က ဘုရားဝန်းအတွင်းရှိ ပေါင်းမြက်များ၊ အမှိုက်များ၊ ရေနုတ်များကို စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်