မွန်ပြည်နယ်ဝန်ကြီးချုပ် ပ-သုံးလုံး သာသနာပြု ဟိတဓရ ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ၏ (၅၀)နှစ်ပြည့် ရွှေရတု ဝိဇာတ မွေးနေ့အကြိုနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ တက်ရောက်ကြည်ညို

မော်လမြိုင် မေ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပ-သုံးလုံး သာသနာပြု ဟိတဓရ ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ၏ (၅၀)နှစ်ပြည့် ရွှေရတု ဝိဇာတ မွေးနေ့အကြို နှင့် သံဃာ့ဒါန  ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့နံနက်ပိုင်းကမော်လမြိုင်မြို့ရှိ မဟာမြိုင် ပရိယတ္တိ စာသင်တိုက်၊ ဟိတဓရ ဓမ္မဗိမာန် တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ဘုရားကန် တော့ဖွင့်လှစ်ပြီး၊ ပ - သုံးလုံး သာသနာပြု ဟိတဓရ ဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ဒါယကာ ဒါယိကာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး  ပ- သုံးလုံး သာသနာပြု ဟိတဓရ ဆရာတော်၏ ထေရုပတ္တိအကျဉ်းနှင့် ဂုဏ်ပြုဂါထာတို့ကို ဒါယကာ၊ ဒါယိကာမများက ဖတ်ကြား ပူဇော်ကာ၊ ပ - သုံးလုံး သာသနာပြု ဟိတဓရ ဆရာတော်က အနုမောဒနာတရား မြွက်ကြားပြီး၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဒါယကာ၊ ဒါယိကာမများက သံဃာ့ဒါန  ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြ ကြောင်း သိရှိရသည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်