ရွှေဘိုမြို့၌ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ရွှေဘို မေ ၂ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုကောင်းမွန်  မျှတစေရန်အတွက် ရွှေဘိုတက္ကသိုလ်ဝန်းအတွင်း ယနေ့ နံနက်က် ၇ နာရီအချိန်က မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် ခဲ့ကြောင်းနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်းရေးအတွက်၊ အပူပိုင်းဒေသ စိမ်းလန်းစို​ပြေ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးဇော်ဝင်းက​သစ်ပျိုးပင်များ​ ပေးအပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါ၂၀၂၂မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုခရိုင် ဦးစန်းမင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့်ဝန်ထန်းများ၊ ရွှေဘိုတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ဆရာဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက်ကြပြီး ယူကလစ်ပင်၆၀၀၊ ပိတောက်ပင်၃၅၀၊ မြန်မာကုက္ကိုပင်၇၀၀၊ မယ်ဇလီပင်၃၅၊ စုစုပေါင်း၂၀၀၀ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့‌‌‌ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်