စလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးနေကြာ သီးညှပ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံပေးအပ်ပွဲ အခမ်းအနားကျင်းပ

စလင်း မေ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်ဖြူကျွန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပခဲ့သည်။

စလင်းမြို့နယ် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ နေကြာမျိုးစေ့ ထောက်ပံပေးအပ်ခြင်းနှင့်ပတ်သက်၍ နေကြာမျိုးဖြစ်သည့် ဆင်းရွှေနေကြာ (၂) သည် မျိုးစေ့ထုတ် နေကြာဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သည့် မြောက်ချောင်းဖြူကျေးရွာအုပ်စု၊ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု၊ ဒေါင့်ဘိုးကျေးရွာ အုပ်စုများရှိ တောင်သူ ၁၄၄ ဦးတို့အတွက် (၁၀) တင်းနှင့် ၃ ပြည်တို့အား ပေးအပ်မှာဖြစ်ပြီး ဒေသမျိုး မျိုးစေ့အဆင့် မျိုးသန့်မျိုးစေ့ကို ၁ ဧကလျှင်တစ်ပြည်နှုန်းဖြင့် သီးညှပ်စိုက်ပျိုး ရမှာဖြစ်ပြီး စိုက်ပျိုးမည့် ၁၆၃ ဧကတို့အတွက် ကျေးရွာတောင်သူဦ းကြီးများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အုပ်စုအလိုက်ပေးအပ်ခဲ့သည်။

အဆိုပါ စိုက်ပျိုးနေကြာပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ အဖွဲ့ဝင်ဦးစိန်လင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမြင့်လင်း၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုးခိုင်၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဦးစီးအရာရှိဦးမျိုးမြင့်၊ အပူပိုင်းဒေသ စိန်းလန်းစိုပြေရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွန့်ရွှေ၊ ဆင်ဖြူကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးထွန်း၊ မြေစာရင်းအင်းဌာနမှ ဦးစိုးနိုင်တို့တက်ရောက်ကြပြီး ဆင်းရွှေနေကြာ (၂) ကို အုပ်စုအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)