မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် မေ ၂

ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ပညာရေးမှူးရုံး ၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြား‌ရေးမှူး ဒေါက်တာကျော်လွင်က စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြား‌ရေးမှူးက ပညာရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များအား လည်းကောင်း၊ ဘောလခဲခရိုင် ပညာရေးမှူး ဦးဌေးလွင်က စီမံရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် M&E/ကိုယ်ပိုင်ကျောင်းများအား လေ့လာဆန်းစစ် အကဲဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ လွိုင်ကော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (စီမံဘဏ္ဍာ) ဦးပေါလုက စီမံကိန်းနှင့် စာရင်းအင်းဆိုင်ရာ သင်ကြားသင်ယူမှု လုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ သင်ကြားသင်ယူမှု လုပ်ငန်းများအား လည်းကောင်း အသီးသီး ဆွေးနွေး သွားမည်ဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲကာလမှာ မေလ ၂ ရက်နေ့မှ မေလ ၃ ရက်နေ့အထိဖြစ်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ စုစုပေါင်း ၃၅ ဦး တက်ရောက် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)