ပန်းတောင်း မေ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် မြို့ရွာသန့်ရှင်းသာယာလှပ စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ကို ပန်းတောင်းပြည်သူ့ဆေးရုံ၊ ဥသျှစ်ပင်တိုက်နယ်ဆေးရုံး၊ ထုံးဘိုတိုက်နယ်ဆေးရုံတို့တွင် ယမန်နေ့ နံက် ၇ နာရီအချိန်က သန့်ရှင်းရေးပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန/မြို့နယ် စည်ပင်ဦးစီးဌာန/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ/ မြို့နယ် မီးသတ်ဦးစီးဌာန/ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ/ တပ်နယ်မှတပ်မတော်သားများ တို့မှခြုံနွယ်ပင်နှင့် မြက်ပင်များရှင်းလင်းခြင်း၊ ဌာနဆိုင်ရာ အနေဖြင့်လည်း မိမိတို့ရုံးများတွင် စုပေါင်းသန်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် သူရနှင့်အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ပန်းတောင်းတပ်နယ်မှုး ဗိုလ်မှူးကြီးမောင်စိုး(ယာယီ)မှ လာရောက်ကြည့်ရှူအားပေးခဲ့ပြီး မြို့နယ်လုံးကျွတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအင်အားမှာ (၂၈၆) ဦး ရှိကြောင်း သိရသည်။
သင်းသင်း အေး(ပြန်/ဆက်)