စစ်ကိုင်း မေ ၁
စစ်ကိုင်းမြို့တွင် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆိုခြင်းကို ယမန်နေ့ နေ့လည် (၁၂)နာရီက စစ်ကိုင်းတောင်ရိုး၊ (IBEC)အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာပညာရေးစင်တာကျောင်းတိုက် အတွင်း ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာသို့ (IBEC)ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး နှင့်တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုကြည်ညိုခဲ့ကြပြီး လိုအပ်သည့်စီမံမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစာမေးပွဲသို့ ဘုန်းတော်ကြီး(၈၈၅)ပါး၊ သီလရှင်ဆရာကြီး(၃၂၆)ပါး စုစုပေါင်း(၁၂၁၁)ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကို ဧပြီ(၃၀)ရက်မှ မေ(၁၃) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးရုံးမှ သိရသည်။
ဇော်မြင့်နိုင်