ဒဂုံဆိပ်ကမ်း မေ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ များစုပေါင်း၍ ကွမ်းအပ်မင်းသားကြီးလမ်းတစ်လျှောက်ရှိ မြက်ပင်များ၊ ချုံနွယ်များနှင့် အမှိုက် များအား ယမန်နေ့နံနက် ၇ နာရီမှစ၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းအောင်၊ အဖွဲ့ဝင်(၂)ဦးလှကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်သန့်ဇင်နှင့် စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကံပိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၂၀)ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဖြိုးစန္ဒာကျော်