ပန်းတနော်မြို့တွင် နွေရာသီအေရိုးဗစ်အားကစားသင်တန်း သင်တန်းဆင်းပွဲကျင်းပ

ပန်းတနော် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအေရိုးဗစ် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မူမူသွင်က နွေရာသီကျောင်း ပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားများ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း​ပြီး အေရိုးဗစ် အားကစား သင်တန်းကို ဧပြီလ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားပြီး အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းသား/ သူများအားဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)