နေပြည်တော် ဧပြီ ၂၉
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလစသည့်ဗလငါးတန်စွမ်းအားများ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန်၊ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် အတွက်ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒက္ခိဏသီရိမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျန့်ခန်း အားကစား လှုပ်ရှားမှု Physical Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဒက္ခိဏခရိုင်ရုံး လူထူအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်၊ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် အားကစား နည်းပြဆရာမ ဒေါ်ဝင်းသီရိလှိုင်တို့က သင်တန်းတွင်ထူးချွန်သည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ကြသည်။
အဆိုပါသင်တန်းကို ဧပြီလ(၂၁)ရက်မှ (၂၉)ရက်နေ့အထိ သင်တန်းသား သင်တန်းသူများ (၅၀)ဦး တို့အား သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)