ဘားအံ၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်သင်ကြား

ဘားအံ ဧပြီ ၂၈

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် ဓမ္မစကူးလ်ကော်မတီတို့မှ ကြီးမှူးကျင်းပသော (ပထမ)အကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၃) ရပ်ကွက်၊ မဲဘောင်ကျောင်းတိုက်၊ လောကုတ္တရာပညာပါရမီကျောင်းဆောင်၌ ကျင်းပခဲ့သည်။

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲသို့ ဇွဲကပင်တောင်လုံမ္ဗိနိဥယျာဉ်ကျောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကဝိဓဇ၊ ခွယ်က​‌ဘောင်ပညာ့ဥယျာဉ်ကျောင်း ဆရာတော် ဘဒ္ဒန္တနာဂဝံသ၊ ဆေးဝင်္ကဘာကျောင်း ဆရာတော်ဘဒ္ဒန္တခန္တီစာရ၊ နောင်လုံ ဌာန်ပတိုင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ မဟော်သဓာကျောင်းဆရာတော် ဘဒ္ဒန္တမဟိဿရတို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။

ထို့နောက် ကရင်ပြည်နယ်ဩဝါဒါစရိယဆရာတော် ဇွဲကပင်တောင်လုံမ္ဗိနိဥယျာဉ်ကျောင်း ဆရာ တော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကဝိဓဇ က နွေရာသီဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဩဝါဒကထာမိန့်ကြားကာ ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်သင်ကြား ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း သား/သင် တန်းသူများအတွက် အာဟာရကျွေးမွေးရန်နှင့် သင်ထောက်ကူပစ္စည်းများ ဝယ်ယူအသုံး ပြုရန်အတွက် အလှူငွေ ၃၅၇၆၅၀၀ ( သုံးဆယ့်ငါးသိန်းခုနှစ်သောင်းခြောက်ထောင်ငါးရာ)ကျပ်ကို ပေးအပ်လှူဒါန်းရာ ကရင်ပြည်နယ် ဓမ္မစကူးလ်ကော်မတီ ဘဏ္ဍာရေးမှူးက လက်ခံရယူပြီး ဇွဲကပင် တောင်လုံမ္ဗိနိဥယျာဉ်ကျောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတ ဓရ ဘဒ္ဒန္တကဝိဓဇက နိဂုံးချုပ်ဩဝါဒကထာမိန့်ကြားကာ  ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပြီးမြောက်သည်။

အဆိုပါသင်တန်းသို့ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များမှ သင်တန်းသား၊သင်တန်းသူ ၂၀၀ ဦးခန့် တက်ရောက်ကြပြီး မေလ ၁၄ ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပမည်ဖြစ်ကာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင်လည်း နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲနှင့်ဓမ္မစကူးသင်တန်းများ ဖွင့်လှစ်ထားရှိကာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် အောင်ချမ်း သာမဟာ မြတ်မုနိရုပ်ပွားတော်အား ဖူးမျှော်ကြည်ညို၍ ပန်း၊ သစ်သီးဆွမ်း၊ ရေချမ်းများကပ်လှူပူဇော်ပြီး  ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်ဘက်စုံမွမ်းမံပြင်ဆင်ရေးအတွက် အလှူငွေကျပ် ၅၀၀၀၀၀ (ငါးသိန်း)ကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ရင်ပြင်အား လှည့်လည် ကြည့်ရှုခဲ့ကြပြီး ရင်ပြင်တော်စတီးလက်ရန်တပ်ဆင်နိုင်ရေး အလှူငွေများပေးအပ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)