ဒိုက်ဦး ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှထောက်ပံပေးအပ်သော ဓာတ်မြေသြဇာအိတ်များအား တစ်နှစ်သုံး သီးစိုက်ပျိုးသောဒိုးတန်းကျေးရွာမှ တောင်သူ ဦးမောင်စိုးထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အမှတ် (၃) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း (ACLC)၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ဓာတ်မြေသြဇာ လွဲပြောင်းပေးအပ်ပွဲကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ထောက်ပံပေးအပ်သော ဓာတ်မြေသြဇာအိတ် ၂၀ အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက တောင်သူ ဦးမောင်စိုးထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တောင်သူဦးမောင်စိုးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း၊ စက်မှုလယ်ယာဦးစီးဌာန ဦးအရာရှိ ဦးသီဟကျော်စွာ၊ ဒိုက်ဦးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးမျိုးမြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးသန်းဌေးကျော်နှင့် ဖိတ်ကြား ထားသော တောင်သူကြီးများ တက်ရောက်ကြသည်။
ကျော်ကျော်(IPRD)