မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ ကျင်းပ

ကံမ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး   အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီက ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဥက္ကဋ္ဌများ ဌာနဆိုင်ရာ အကြီးအကဲများ ရပ်မိရပ်မိရပ်ဖများ ရပ်ကွက်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးအရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးမှုကို စိုက်ပျိုးရေး ဦးစီးဌာနက နည်းပညာနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း မဲစာရင်းပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာဌာနများနှင့်အတူ အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်လုံးကျွတ် ထိုးနှံနိုင်ရေးအတွက် ကျန်ရှိသူများအား  အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးရန် လိုအပ်မည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက ကံမမြို့နယ်၏ ဒေသဆိုင်ရာ  အကျဉ်းချုပ်အားတင်ပြ ရှင်းလင်းခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဒေသဖွံ့ဖြိုးရေးအတွက် စည်းလုံး ညီညွတ်မှုဖြင့် ရပ်မိရပ်ဖများ ဌာနနဆိုင်ရာများ ပူးပေါင်း၍ မိမိဒေသအေးချမ်းရေးနှင့် သာယာဝပြောရေးကို ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ကံမ)