သပိတ်ကျင်း ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁ဝ)နာရီက ရုံးဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာရေးဆရာဒေါက်တာကျော်စိန် ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီမှ စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါက်တာကျော်စိန် ပြုစုထားသည့် လူငယ်လမ်းညွှန်စာအုပ်မှ “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူးဒေါ်ဖြိုးမမက “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုးနိုင်ဝင်းက “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုလေ့လာပြီး အတွေးအခေါ်အသိပညာ ဗဟု သုတများ တိုးပွားစေရန်၊ လူငယ်လူရွယ်များ အတွေးခေါ် မှန်ကန်မှုရှိစေရေး၊ ပညာပြည့်ဝသည့် လူငယ်များဖြစ်စေရေးရည်ရွယ်လျက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပတ်စဉ် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)