ဖြူး ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့ မွန်လွဲ(၁)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ဖြူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်အတိုင်း ဆောင်ရွက်ကြရမည့် ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းရည်မှန်းချက်ပြည့်မှီရေး ဆောင်ရွက်သွားနိုင်ရန် ညှိနှိုင်းဆွေးနွေး ပြီး မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်မာရွှေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ပေးအပ်ကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ် (၄.၀၀၃) ဘီလီယံ လျာထားကြောင်း သက်ဆိုင်ရာဌာနများ အနေဖြင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်ချက်များအား ပြည့်မှီကျော်လွန်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)