တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

တောင်ငူ ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပသည်။ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍   စာရေးဆရာ  ​မောင်ပေါ်ထွန်း ရေးသားသည့် “ ခေါင်းဆောင် ကောင်းဆိုသည်မှာ ”  စာအုပ်ဖြင့်စာဖတ်ဝိုင်းအား ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား မိမိ၏ထင်မြင် ယူဆချက်များ၊ တွေးခေါ်မှုများ နှင့်အတူ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအနေဖြင့် စာပေဝါသနာရှင်များအတွက် အသက်အရွယ်မရွေးစာအုပ်၊ စာစောင် များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတ အတွေးအမြင်များရရှိစေပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ကာ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်