ပဲခူး ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် မတ်လအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade-5 မှ Grade-10 ထိ စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက် (၆)နာရီက စတင်၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထိုသို့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade-5 မှ Grade-10 အထိ နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မြို့နယ်အတွင်းရှိ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ကြည့်ရှုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)