မြောင်းမြ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း အခြေခံပညာ ကျောင်းအသီးသီးတွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်အတွက် KG တန်းမှ Grade -10 အထိ အောင်စာရင်းများကို ယမန်နေ့ နံနက်(၆)နာရီတွင် ထုတ်ပြန်ထားရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၉ ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း ၁၇ ကျောင်း၊ အလယ်တန်းကျောင်း ၁၉ ကျောင်း၊ အလယ်တန်းတန်း(ခွဲ)ကျောင်း ၃၃ ကျောင်း၊ မူလတန်း(လွန်)ကျောင်း ၂၉ ကျောင်း၊ မူလတန်းကျောင်း ၂၀၂ ကျောင်း၊ မူလတန်း(ခွဲ)ကျောင်း ၁၂ ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း ၃၃၁ ကျောင်းရှိကြောင်း သိရသည်။ မြောင်းမြမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများအပါအဝင် ဖြေဆိုသူ စုစုပေါင်း ၃၄၆၀၇ ဦးတွင် အောင်မြင်သူ ၃၄၆၀၆ ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း ၉၉.၉၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)