ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ပြည့်ထိုးနှံပြီးသူများအား Booster doses ထပ်ဆောင်းအကြိမ်ထိုးနှံပေး

ပေါက်ခေါင်း   ဧပြီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို သက်သာလျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများကိုလည်း ကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ထိုးနှံပေးလျက်ရှိသည်။ ယနေ့နံနက် နာရီက ပေါက်ခေါင်းမြို့ လေးမျက်နှာဇာတ်ရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး()ကြိမ်ပြည့် ထိုးနှံပြီး ()လပြည့်ပြီးသူ ပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး Booster doses ကို ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အိန္ဒိယနိုင်ငံထုတ် (Covishield) အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ပြည်သူ (၃၃၀)ဦးအား လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)