ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော

ရွှေတောင်  ဧပြီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ယမန်နေ့နေ့လည်ပိုင်း က မီးဘေးလုံခြုံရေးလက်တွေ့ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၊ အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကို ခံယူလျှက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကို ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် မီးဘေးလုံခြုံ ရေးအတွက် လိုက်လံစစ်ဆေးခြင်း၊ တပ်ဖွဲ့ဝင်များအား မီးဘေးအသိပညာပေး ဟောပြောခြင်း၊  ကိုယ်တိုင်လက်တွေ့ငြှိမ်းသတ်ခြင်း၊ သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)