သရက် ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ငွေစာရင်း လုပ်ငန်းဆောင်ရွက်မည့် ဝန်ထမ်းများအား လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ငွေစာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့ စာကြည့် တိုက် Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ၂၀၂၂-၂၀၂၃တွင် ငွေထုတ်သူအရာရှိအဖြစ် မြို့နယ်ဦးစီးအရာရှိများကိုတာဝန်ပေးတာဖြစ်၍ ငွေထုတ်သူအရာရှိများလုပ်ငန်းတာဝန်သိရှိဖို့၊ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်သည့်အခါ လုပ်ငန်းများကျွမ်းကျင်စွာ ဆောင်ရွက်တတ်စေရန်နှင့် ငွေစာရင်း ရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ သည်။
ထို့နောက်သင်တန်းဖွင့်လှစ်ပိုချရာ သင်တန်းနည်းပြများက ဘဏ္ဏာရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေစာ ရင်းထိန်းသိမ်းနည်းဆိုင်ရာ လုပ်ငန်းများကို စာတွေ့လက်တွေ့သင်ကြားပေးရာ ရငွေများနှင့် သုံးငွေများစာရင်းရေးသွင်းခြင်း၊ ဌစ-ရေးသွင်းခြင်း၊ ထိန်းသိမ်းသိုလှောင်ခြင်း၊ဘဏ်နှင့်ချိတ်ဆက် ဆောင်ရွက် ခြင်း ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းကို ဧပြီလ(၂၃)မှ(၂၄)ရက်နေ့ အထိ (၂)ရက် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ သရက်ခရိုင်းအတွင်ရှိ (၆)မြို့နယ် ဦးစီးအရာရှိများ ဒုတိယဦးစီးမှူးများနှင့် စာရေးဝန်ထမ်း(၁၅)ဦးမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)