ကသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေး အတွက် ဆေးထိုးနေရာများ တိုးချဲ့ဆောင်ရွက်

ကသာ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိ သေးသည့် ပြည်သူများအား ကာကွယ်ဆေးများ ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဧပြီလ ()ရက်နေ့မှစတင်၍ ဆေးထိုးနေရာများတိုးချဲ့ကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကသာမြို့နယ်တွင် ယခင်က ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့တော်ခန်းမတစ်ခုတည်းတွင်သာ ဆောင်ရွက်ခဲ့သော် လည်း ယခုအချိန်တွင် မြို့တော်ခန်းမ၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်၊ ကျောက်တိုင်ကွင်းဆိပ်နှင့် ဈေးများတွင် ဆေးထိုးနေရာများထားရှိပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် လုံခြုံရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများကိုလည်း ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)