တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၉)၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သင်တန်းများသို့ တက်ရောက်မည့်သင်တန်းသား/သူများနှင့်တွေ့ဆုံ

ပုသိမ် ဧပြီ  ၂၄



ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်း က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်    တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ပညာရေးဘွဲ့၅နှစ် သင်တန်းအမှတ်စဉ်(၉)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ နှင့်  တွေ့ဆုံပွဲအခမ်းအနားကို တက်​ရောက်ခဲ့ကြ​ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်း​ဒေသကြီး ဝန်ကြီးချုပ်ဦးတင်​မောင်ဝင်းက “ပညာရေးဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ နိုင်ငံ့အကျိုး ဆောင်ရွက် နိုင်စေရန်ဖြစ်ကြောင်း၊ မိမိတို့တက်ရောက်သည့်သင်တန်းများတွင် ဒေသအသီးသီးမှတိုင်းရင်းသား လူမျိုးများနှင့်အတူတကွ ပညာဆည်းပူးကြရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ဒေသစွဲမထားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နေထိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းသားများ အနေဖြင့် စာမေးပွဲများအဆင့် ဆင့် ဖြေဆိုခဲ့ကြရသည့်အတွက် မိမိကိုယ်ကိုတန်ဖိုးထား၍ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကာလတွင်လည်း တိုင်းရင်းသား အချင်းချင်း ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ထားရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က အလေးထားသည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းဆုံးခန်းတိုင်အောင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြရန်၊ ဘာသာရပ်အလိုက် ထူးချွန်အောင်ကြိုးစားကြရန်နှင့် မှန်ကန် သောအမြင်ဖြင့် မှန်ကန်သောအလုပ်ကို အကျိုးရှိအောင် ကြိုးစားလုပ်ဆောင်သွားကြရန်” မှာကြားခဲ့သည်။

ထို့​နောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာတွင် သင်တန်းသား/သင်တန်းသူများ၏ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့၍  ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သင်တန်းတွင် ပညာရေးဘွဲ့ (B.Ed.) သင်တန်းသား ၁၈ ဦး၊ ဝိဇ္ဇာ/သိပ္ပံ သင်တန်းသား၂၀ ဦးနှင့် AGTI သင်တန်းသား ၄ ဦး၊ စုစုပေါင်း သင်တန်းသား ၄၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နွေး​နွေး​အောင်ကြွယ်(ပြန်/ဆက်)