ကျောက်တံခါး ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မတ်လအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် Grade – 5 မှ Grade – 10 ထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာကျောင်း (၂၂၈) ကျောင်းရှိပြီး အဆိုပါကျောင်းအားလုံးတွင် စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိမ်းသူများက လာရောက်ကြည့်ရှုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စန်းစန်း(ပြန်/ဆက်)