မကွေး ဧပြီ ၂၄
နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် နိုင်ငံ့ဘဏ္ဍာငွေများအား စနစ် တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စာရင်းရုံးတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၈)နာရီအချိန်က မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းအား ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မကွေးခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှအုန်းခိုင်မှ သင်တန်းတွင် ဖွင့်လှစ်ပို့ချမည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးရုံးမှ သင်တန်းသား/သူ(၄)ဦး၊ မကွေးခရိုင်ရုံးမှ သင်တန်းသား/သူ(၅)ဦး၊ မြို့နယ် ရုံးများမှ သင်တန်းသား/သူ(၁၀)ဦး စုစုပေါင်း သင်တန်းသား/သူ(၁၈)ဦးအား ဧပြီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာစာရင်း များ ပြုစုရေးဆွဲရန် နည်းစနစ်သင်ခန်းစာ၊ ဦးစီးဌာနများအတွက် အခြေခံ စာရင်းပြုဌာနများ အတွက် ငွေစာရင်းထိန်းသိမ်းရေးနည်း လမ်းညွှန်ကြားချက် သင်ခန်းစာ၊ ရသုံးမှန်းချေ ငွေစာရင်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော ဘတ်ဂျတ်ခေါင်းစဉ် အမှတ် အသားများ သင်ခန်းစာတို့အား ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)