ပြည် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက "ငွေစာရင်း စီမံခန့်ခွဲမှုသင်တန်း" ဖွင့်ပွဲကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမျိုးအောင် တက်ရောက် သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲ၌ တိုင်းဒေသကြီးဦးစီးမှူးက အမှာစကားပြောကြားရာတွင် "မိမိတို့ဌာနအနေဖြင့် ဖွဲ့စည်းပုံတိုးမြှင့်လာမှုနှင့်အတူ မြို့နယ်ရုံးများအထိ ငွေထုတ်သူ အရာရှိတာဝန်များပေးအပ်ကာ ငွေစာရင်းလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်၍ အမှားအယွင်းမဖြစ်စေရေး၊ စာရင်းစစ် ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရေးတို့အတွက် ယခုသင်တန်းမှ ငွေစာရင်း ဆိုင်ရာ ပညာရပ်များကို ဂရုတစိုက်ဖြင့် အလေးအနက်ထားလေ့လာ သင်ယူစေလို ကြောင်း၊ သင်တန်းပြီးမြောက်ပါကလည်း ငွေစာရင်းခေါင်းစဉ်များအလိုက် သိရှိလို သောအကြောင်းအချက်များကို သက်ဆိုင်ရာ မြို့နယ်အလိုက် စာရင်းစစ်ရုံးများနှင့် ချိတ်ဆက်၍ အမြဲမပြတ် မေးမြန်းသင်ယူ လေ့လာစေလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း တိုးတက်ပြောင်းလဲလာသော ရာထူးတာဝန်များနှင့် လျော်ညီစွာ ပေးအပ်သော လုပ်ငန်း တာဝန်များကို ယခင်ထက်ပိုမိုကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ လာရောက်သင်ကြား ပို့ချပေးပါသော ပြည်ခရိုင် စာရင်းစစ်ဦးစီးမှူးအား အထူးကျေးဇူးတင်ရှိပါကြောင်း" ဖြင့်ပြောကြားသည်။
ထို့နောက် ပြည်ခရိုင်စာရင်းစစ်မှူး ဒေါ်ခင်စန်းဦးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်နှင့်မြို့နယ်ရုံးများမှ သင်တန်းသား၊ သင်တန်းသူ ဝန်ထမ်း (၁၄) ဦးအား ပုံစံဌစ(၁)မှ ဌစ(၁၆)အထိ ငွေစာရင်း- စာရင်းရေးသွင်းနည်းများ၊ ရသစ-၆ ငွေစာရင်းရေးဆွဲနည်းနှင့် စာရင်းစစ် ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရေးအတွက် ငွေစာရင်းခေါင်းစဉ်အလိုက် ငွေသုံးစွဲ နည်းများ အစရှိသည့် ငွေစာရင်းဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို စာတွေ့/ လက်တွေ့ အသေးစိပ်သင်ကြားပို့ချပေးသည်။
အဆိုပါ ငွေစာရင်းဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို ပြည်ခရိုင်ခြောက်မြို့နယ်မှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးများအပါအဝင် သင်တန်းသား၊ သင်တန်းသူ ဝန်ထမ်းများအား ပြည်ခရိုင်စာရင်းစစ်မှူး ဒေါ်ခင်စန်းဦး၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ပြည်ခရိုင်ရုံးမှ (အငြိမ်းစား) ဝန်ထမ်း ငွေစာရင်းကျွမ်းကျင်သူ ဦးစန်းမြင့်တို့က ဧပြီ ၂၃ မှ ၂၄ ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)