ချောင်းဆုံ စက်တင်ဘာ ၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ငါးမွေးမြူခြင်း(ယာယီ)လိုင်စင်ဖြင့် ငါးမွေးမြူရေး ဆိုင်ရာ အခွန်အခ ပေးဆောင်ပြီး ငါးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသော ငါးမွေး တောင်သူများထံသို့ ကိုဗစ်-၁၉ (Economic Relief Plan) (Action Plan)အရ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၈:၃၀)နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စီးပွားဖြစ် ငါးမွေးမြူရေး လုပ်ငန်းများကို ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်များနှင့်အညီ ငါးမွေးမြူကြရန် သင်တန်းပေးခြင်း အသိပညာပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးသက်နိုင်ဝင်း ကပြောကြားသည်။ ထို့နောက်မြို့နယ်အတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ(၁၄)ဦးတို့အား ငါးမျိုးသားပေါက်ကောင်ရေများကို တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀၀၀)နှုန်း ဖြင့် ငါးမွေး ဧက(၁၆.၇၁)ဧကအတွက် စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၃၃၄၂၀)တို့ကို ချောင်းဆုံ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း နှင့် တာဝန်ရှိသူများက ငါးမွေးမြူကြသည့် တောင်သူများထံ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)