ခန္တီး စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များ နှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်သည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ဦးသိန်းထွန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း နှင့် ရလာဒ်များ ထုတ်ပြန်ကြောညာခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာများကို ညနေ ၄ နာရီခွဲထိ အသိပညာပေး သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)