မုဒုံ စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ကိုယမန်နေ့ နေ့လယ် ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းက ပြည်သူများလူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးကြစေရန် ရည်ရွယ်၍ Onlineမှ တစ်ဆင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း မိတ်ဆက်စကားပြောကြားပြီးအမှတ် (၉)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု မော်လမြိုင်မှရဲမှူးမိုးဦးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့ရသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုများကို တိုက်ဖျက်နိုင်ရန် အတွက်ဌာနဆိုင်ရာများ ဖွဲ့စည်း ထားရှိမှုနှင့် လူကုန်ကူးမှုများဖြစ်ပေါ်လာပါက ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို ရှင်းလင်းပြောကြား သည်။
ထို့နောက် မုဒုံမြို့နယ် ဥပဒေအရာရှိဦးသန်းဝင်းမောင်က လူကုန်ကူးမှုအဓိပ္ပါယ်နှင့် ပြစ်မှု/ ပြစ် ဒဏ် များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မုဒုံမြို့နယ်လူငယ်ရေးရာကော်မတီဝင် မောင်စိုးပြည့်ကျော်က လူကုန်ကူးမှုနှင့် ပတ်သက်သော လူငယ်အမြင်ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အောင်မျိုးသူ(မုဒုံ)