အင်းတော် စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြိုနယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါ ရုံးသစ် အဆောက်အဦသစ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်အား အင်းတော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံး၊ ကသာခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးအောင်မင်းဦး၊ အင်းတော်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အင်းတော်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်လှိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်း အခမ်းအနားအစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ရာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ၊ ကသာခရိုင်ရွေးကောက်ပွဲအရာရှိနှင့် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ အဆောက် အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အင်းတော်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဘုန်းမြင့်ထံသို့ လွှမ်းမိုးအောင်မြင်ကုမ္ပဏီ MD ဦးခင်ဇော်ဦးမှ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ၎င်းနောက် အင်းတော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်လှိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ အင်းတော်မြိုနယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အအုံသစ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ကုန်ကျငွေကျပ်သန်း (၅၂ ဒဿမ ၅ သန်း) ကုန်ကျ ခံကာ လွှမ်းမိုး အောင်မြင် ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရုံးအဆောက်အအုံသစ်မှာ ၁၇၂၈ စတုရန်းပေ ကျယ်ဝန်းကြောင်း သိရသည်။
ခန့်ဇော်ပိုင် (ပြန်/ဆက်)