ရွှေတောင် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က(ရွှေတောင်ရတနာခန်းမ)တွင် ယမန်နေ့နံနက် ၀၉:၀၀ နာရီက ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီး ဌာနတို့ပူးပေါင်း၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade -5 ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade -5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို မြို့နယ်ပညာရေးမှူး ဦးကျော်ဦးမှ ကြီးကြပ်မှုဖြင့် ဧပြီ (၂၀)ရက်နေ့မှ ဧပြီ(၂၅) ရက်နေ့အထိ (၆)ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ရွှေတောင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်ဆရာ/ဆရာမ (၄၆)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)