ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်(Grade-5) သင်တန်းဖွင့်လှစ်

ကျိုက်ထို ဧပြီ ၂၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန မွန်ပြည်နယ် သထုံခရိုင်  ကျိုက်ထိုမြို့နယ်အတွင်းရှိ မူလွန်ကျောင်း အုပ်များနှင့် မူလတန်းကျောင်းအုပ်များအား သင်ရိုးသစ်(Grade-5) ဗဟိုနည်းပြ (Online) သင်တန်းကိုဧပြီ ယမန်နေ့နံနက် ၉နာရီတွင် ကျိုက်ထိုမြို့အမှတ် (၁) အခြေ ခံပညာ အထက်တန်းကျောင်းရာပြည့်ခန်းမ၌  ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင်မြို့နယ်ပညာရေးမှူး ဒေါ်သီသီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပညာရေးမှူး ဦးအောင်မြင့်ထွန်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မူလွန်ကျောင်းအုပ်များနှင့် မူလတန်းကျောင်းအုပ် (၄၂) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဧပြီ (၂၀)မှ ဧပြီ(၂၆)ရက်နေ့ထိနံနက် ၉နာရီမှညနေ ၄ နာရီထိ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)